ညီမလေး..သို့..( ၃ )


သစ္စာကို ဝေရာမဏိ
လုပ်တဲ့သူတွေရှိတဲ့လောက
သာယာပါ့မလားညီမရဲ့။

ရှင်းပြမှနားလည်
ထောက်ပြမှသူတို့သိ
လုပ်တဲ့သူတွေရှိတဲ့လောက
ရွှင်ပျပါ့မလား ညီမရဲ့။

ကိုယ့်အတွေးကိုယ့်အရေး
မာနကလေးသွေးပြီး
အရေးကြီးလည်း သွေးမနီးတဲ့လောက
စည်းလုံးပါ့မလားညီမရဲ့။

ငါကအသိဆုံး
ငါအရှိဆုံးတွေနဲ့
ငါအဆုံးစွန်မိုက်
သူတို့နေတဲ့အသိုက်က
လေတိုက်ရင်တောင် ပြိုကျမှာ၊
အကျနာမှ အမိတ
အမယ်လေးဗျ
ကယ်ပါဘုရာ့ဆိုပြီး
ချွေးတဒီးဒီးနဲ့ နီးရာဒူးပြေးဖက်
ကသုတ်ကယက် သူတို့မရှက်ကြဘူးညီမရေ့။

ခက်တော့ခက်တယ်ကွယ့်
စကတည်းက ဘဝအလှ
ခက်ထန်မှုတွေနဲ့ခြယ်သပြီး
သူတို့ကိုယ်သူတို့ ရှုမငြီးပေါ့၊
ပွဲပြီးတော့ ဘာကျန်လဲ
အမှိုက်တွေက ပွလန်ကြဲနဲ့
ဘဝကို ရသလို့ဆင်
မာနရှင်ပြာကျခမ်းမှာ
ကြည့်စမ်းပါဦးညီမရေ့..
ဘဝတစ်ကွေ့ လေမှာဝေ့
ပြာကလေးတွေကြား တမြေ့မြေ့
ညီမလေးရေ မြင်လားဟေ့။ ။

          မင်းကြည်ညို

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.