ငါဒေသနာ


ငါ၏ဘဝ
ငါ၏ညနှင့်
ကပြစုံလင်
ဤလူ့ခွင်ကား
ငါလျှင်မင်းသား ဖြစ်သတည်း။


အငိုတစ်လှည့်
ပြုံးတစ်လှည့်နှင့်
ဖွဲ့နွဲ့သီကျူး
ကံမှူးစေရာ
ဤလူ့ရွာသည်
ငါသာဆရာ ဖြစ်သတည်း။


ငါပြငါသင်
ငါတွင်တွင်လျှက်                                        
ကြားနာခဲ့နှင့်
ပတ်လှည့်ဝန်းကျင်
ဘဝတွင်လည်း
ငါပင်တပည့် ဖြစ်သတည်း။  


ဤသို့ငါလျှင်
လောကခွင်ဝယ်
ငါပင်ငါစွဲ
အတ္တခဲနှင့်
ငါပဲနေသမျှ
ငါမရဟု
ငါကကြိုတင်
တွေးခဲ့မြင်သော်
ငါလျှင်အတ္တ ပြုတ်မှတည်း။  ။




                         မင်းကြည်ညို
                        ၁၇/၁၀/၂၀၁၁
                     နေ့လည် ၂နာရီ ၄၀မိနစ်

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.