"ချစ်သူကြားစေ"


အချစ်ရဲ့သစ္စာတရားကြောင့်
မောင့်ရဲ့ မေတ္တာတရားတို့သည်
ကမ္ဘာခြားသည်ဟူ၍မရှိပြီ။

အဏ္ဏဝါပင်လယ်ရဲ့
တွင်ကျယ်တဲ့ရေပြင်နှယ်
ရင်ထဲကမေတ္တာရေက
နွေတစ်ရာမက
ကန္တာတစ်ထောင်မျှပင်ပူလဲ
မခမ်းပဲ အပြည့်ရှိနေသည်။

ချစ်ပါတယ်မေ
သိအောင်လို့မောင်တေးစေပြီ။

မေတ္တာပါတဲ့မိုးမှာ
အချစ်သစ္စာရွာစေပြီပေါ့၊
အကြင်နာလေပြေ
ညင်သာစွာခြွေရင်း
ကမ္ဘာ ကမ္ဘာအဝေးကနေ
မကြာ မကြာ တောင်းဆုချွေမိတာက
နှစ်တစ်ရာမက အသဲမှာ
ရစ်ပါလှ စွဲနှောင်မိပါကြောင်း၊
မိုးလေပြေပေါင်းလို့
ထပ်လောင်းဆိုချင်တာကလေ
မဟောင်းတဲ့အချစ်ရေ
နှောင်းတယ်ဆိုတဲ့စကားတွေအစား
ပြောင်းတယ်မရှိ တိုးတိုးပြီးချစ်မိတာကိုတော့
မင်းကြားစေသား... မင်းကြားစေသား.....။ ။

                မင်းကြည်ညို

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.