"နွေဝင်ဆောင်း နှောင်းသောလွမ်း"


တောင်လေပြန်ဆော်
နွေလဲအော်ပြီ
ရာသီရွေ့ပြောင်း
ချစ်ဟောင်းနွဲ့ခင်
တမင်မေ့နိုင် ပါ့မည်လား။

ဆောင်းကြွင်းနှင်းရိပ်
လေကိုမွှေ့သော်
ခက်ရော်ဝါရွက်
ဆင်းသက်မြေဝယ်
ဖြေဆည်မဲ့ကင်း ပါပြီလား။

ဒီဆောင်းနှင်းများ
ခင်းကျင်းထားချင်
မောင့်ရင်နှလုံး
မြူဖုံးပါစေ
ဆောင်းရေဖြစ်နိုင် ပါ့မည်လား။

နွေလဲနွေပဲ
ကဲကိုကဲတယ်
ဆောင်းပြယ်စစ
နှင်းကျသည့်တိုင်
ပြိုင်ဆိုင်လေဝှေ့ ပါပြီလား။

ဆောင်းလဲဆောင်းနှင်း
နွေကိုတင်းပြီ
ဖြူကြည်နှင်းပေါက်
သွေ့ခြောက်ရွက်သို့
စိုစို့တွယ်ကပ် ပါပြီလား။

ကြင်သူကဖယ်
မြူကတွယ်ရစ်
နွေသစ်ကလဲ
ဖြေခဲအလွမ်း
ပိုလို့လွှမ်းသည်
ဆောင်းဆီငဲ့ပြေး
မြင်ယောင်သေးတော့
ဖော်ဝေးနွေငှက်
ရတက်ပွေဟန်
ဂိမှာန်သူ့အား သယ်ပြီလား။ ။
ဟေမာန်နွေအား ပြိုင်တာလား။ ။



မင်းကြည်ညို

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.