" အတိတ်ရနံ့"


ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။ ။

ကဗျာတို
စာမအိုသေးပါဘူး
သံစဉ်ချို ချိုအေးတာကြောင့်
ရင်မှာပျို မှိတ်သုန်ခဲ့ပါဘဲ
ငယ်ခါရွယ် ကျောင်းနေခဲ့စဉ်က
တွယ်ကာကွယ်နေ့စဉ်တိုင်းလို
ဖတ်ခဲ့ကြည်နူး။

ကျောင်းကြီးရှေ့ပန်းပင်စုံ
ပန်းပင်အုံရဂုံထဲ
တို့တတွေဝိုင်းစာဖတ်တယ်
ပြေးမြင်ယောင်ဆဲ။

စံပယ်ကတစ်ရုံနှစ်ရုံ
လေဟုန်ကတစ်ခွေ့နှစ်ခွေ့
ပန်းရဂုံဆူးတွေကြားမှာ
နှင်းဆီကမွေ့။

ဘဝကအကွေ့ကြုံ
ပညာစုံတကတည်း
လူ့ဘုံနယ်လမ်းစုံထဲ
ခွဲကြသည်ဘဲ.....။ ။

              မင်းကြည်ညို
 ဒီကဗျာလေးရေးခဲ့မိတာတော့ ကြာပါပြီ။ အရင်က Note မှာတင်ဖူးပါတယ်။ အကောင့်အဟက်ခံရတဲ့နောက်ပိုင်း Note တွေ မြင်ရတစ်လှည့် မမြင်ရတစ်လှည့် ဖြစ်နေတာကြောင့် ပြန်တင်လိုက်တာပါ။
ဓါတ်ပုံကိုတော့ (ဝါးတောကွင်း ကျေးရွာ အ.မ.က ...mandalaygazette.com)
ကနေ ယူသုံးလိုက်ပါတယ်။

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.