"အမယ်အိုနဲ့ သံဝေဂ"


အတွေ့အကြုံ
လူတို့ဘုံက
မျိုးစုံရောင်လွှမ်း
အဖြစ်ဆန်း၏ ၊
ယနေ့ကျွန်တော်
လမ်းမပေါ်၌
ညှိုးရော်စိတ်နွမ်း
သောကမွှမ်း၏ ။

ဘယ်ကြောင့်ဆိုသော်
ရင့်ရော်ရွယ်ပို
အမယ်အိုကား
ခြေတိုတစ်ဖက်
ချိုင့်အခွက်တွင်
လဲလျှက်ပုံကျ
ထူမထနိုင်
ပမ်းစွသူ့အား
သနားယိုဖိတ်
ရင်လဲထိတ်ရွံ့
တွန့်ဆုတ်မရှိ ဖေးထူမိ ။

မယ်အို့မျက်ဝန်း
မျက်ရေသွန်းလျှက်
ပွန်းပဲ့လက်ကို
သိမ်ငယ်ပိုကာ
ဟိုမှာဒီမှာ
ပြန်လှန်စွာကြည့်
မြင်မိအနာ
ညည်းညူရှာသည်
နာပါဘိကွယ် နာဘိကွယ်....တဲ့ ။

သူ့အားကူညီ
လိုရာချီပြီး
စိတ်သည်မရွှင် လေးစွပင် ။

အကုသလ
တိတ်ဘဝသည်
လွန်စွပေဟု
သတိပြုကာ
ခုဘဝလျှင်
ကောင်းမှုယှဉ်လျှက်
နင်သူနာမ
သင်္ခါရမို့
မှတ်ကြနှိုးဆော် မိပါ၏ ။ ။

ပုံကိုဂိုလ်ဂယ်မှာရှာတယ်။ မြင်ရတဲ့အမယ်အိုတွေရဲ့ ပုံရိပ်တွေက
 တကယ်ပဲ စိတ်မကောင်းစရာတွေချည်းမို့ ဇရာနွှယ်နေတဲ့သစ်ပင်အိုကြီးကိုပဲ အစားထိုးလိုက်ရပါတော့တယ်။ ကဗျာထဲကအမယ်အိုကတော့ ကျွန်တော့်ဘဝထဲမှာ ဒီကနေ့တွေ့ကြုံလိုက်ရတဲ့အမယ်အိုပါ။ ဒါကြောင့်ရေးမိတာပါ။ တစ်ဆက်တည်းမှာပဲ 
 သားသမီးတွေအနေနဲ့ မိအိုဖအိုတွေကို ပစ်မထားမိဖို့ သတိပေးလိုက်ရပါတယ်။

                မေတ္တာဖြင့်
                   မင်းကြည်ညို


0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.