"မောင့်အနား"


ဖြူသွယ်နွဲ့ပျော့ပြောင်း
ဖော့ဖယောင်း လက်တစ်စုံ
သူ့လည်တိုင် မှီတွယ်ချိတ်လို့၊
တိတ်တိတ် ..ရင်ခုန်။

အကြည့်ချင်းရယ် ဆုံ
ယုံကြည်မယ့် ရင်စကား၊
နှုတ်ခမ်းလွှာ နှစ်ဖြာအပ်
နမ်း ..ဆက် မှာကြား။

ထားခဲ့နဲ့ ချစ်သူမောင်
ပျို့စိတ်မှာ အိပ်မက်ပါလည်း
တကယ်ပင် ထင်ခါမှတ်
ထပ်ထပ်ကယ် ယောင်။

လရိပ်မှောင် ...
ညကြယ်ရောင် ငွေအဆင်း
မောင်နဲ့မေ သစ္စာပြုပါမှ၊
သော်တာဆောင် ကောင်းကင်ထက်
ဝင်းလက် ထိန်လင်း။ ။


နန်းအသင်္ခယာ

(အိပ်မပျော်တော့ .. ရှေးတုန်းက ကဗျာလေးတွေအကြောင်း စဉ်းစားမိပါ
တယ်။ အဲဒီ့နောက်မှာတော့ ရေးခဲ့ဖူးတဲ့ ရှေးဆန်ဆန် ကာရန်ကဗျာလေးတစ်
ပုဒ်ကို သတိရမိတယ်။ ကျမ စာဖတ်ပရိသတ်တွေထဲမှာ မော်ဒန်ကဗျာတွေကို
နှစ်သက်သူတွေရှိသလို၊ သိမ်သိမ်မွေ့မွေ့ ရိုးရာဟန်ကဗျာလေးတွေကိုလည်း
နှစ်သက်သူတွေရှိတာမို့ ... ဒီကဗျာလေးကို တင်ပေးလိုက်ပါတယ် ...။
အားလုံး ...မင်္ဂလာညချမ်းဖြစ်ပါစေ ....။ )

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.