ဝေးလည်းချစ်မယ်


အလင်းမဲ့သော
ဆောင်းနှင်းတောထဲဝယ်
ငေးမောစောင့်မျှော်ပေမယ့်
ပေါ်မလာခဲ့သော ချစ်သူ။

နှင်းတွေတစ်ဖြိုက်ဖြိုက်
အရှိုက်ဖြိုခွဲသလို
လေအရိုက်မှာ ကိုယ့်အသဲနာကျင်
မင်းမလာချင်တော့ဘူးဆိုတာ
ကြင်နာနေလျှက်သိလိုက်ပြီ။

ဆောင်းမှာခြွေသော
ရွက်ကြွေတောထဲဝယ်
လေမျောလွင့်ပါပေမယ့်
ချစ်သူခေါ်သံအလာကို နားစွင့်နေခဲ့ပါသောကိုယ်။

ရွက်တွေကြွေခိုက်
ချစ်သူခေါ်လိုက်သလို
ဂရုတစ်စိုက် မောင့်ရင်ထဲကကြားလျှင်
မောင့်ရဲ့နားက မင်းမဟုတ်ဘူးဆိုတာ
ကြင်နာနေလျှက်သိလိုက်ပြီ။

ချစ်လူမိုက်က ကိုယ်ပါ
ရင်နာစေတာမျိုးတောင်
အကြင်နာတစ်ဖြည်းဖြည်းတိုးလို့
မခို့တရို့မရဲတရဲ
ချစ်မြဲချစ်ဆဲ ဘဝထဲပေါ့။

ချစ်သူရှောင်ခွါပြေးပေမယ့်
ပြစ်မယူနှောင်စွာတွေးရစ်ပြီး
အဝေး အဝေး တရေးရေးဝေးပေမယ့်
အဆွေး အဆွေး တမ်းတမ်းတတဆွေးနေရင်း
ခြေလှမ်းခြင်းတွေဆန့်ကျင်သွားလဲ
အထီးကျန်ညတွေ သက်သေဆွဲပြီး
အချစ်ရယ်....
မောင်က ချစ်နေဆဲပါကွယ်။ ။


                မင်းကြည်ညို

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.