ကိုယ်၌ ကဗျာသည် အိပ်ပျော်သည်၊ သေဆုံးသည်မရှိ။
ကိုယ်၌ ကဗျာပင်များ ရှင်သန်၍ ကဗျာစမ်းတို့စီးဆင်း၏။
ကိုယ်၌ ကဗျာဥယျာဉ်ပေါ်ပေါက်၍ ကဗျာပန်းတို့ဖူးပွင့်၏။
ကိုယ်၌ ကဗျာလေပြေများ တိုးညင်း၌ ကဗျာပန်းရနံ့တို့ သင်းပျံ့၏။
ကိုယ်၌ ကဗျာမိုးတိမ်များဖြစ်ထွန်း၍ ကဗျာမိုးတို့ သွန်းဖြိုး၏။
ကိုယ်၌ ကဗျာနေခြည်တို့သာရှိ၍ ကဗျာအလင်းတို့ ခွင်း၏။
ကိုယ်၌ ကဗျာတောင်တန်းတို့ဖြင့် ကဗျာတောတို့ နက်ရှိုင်း၏။
ကိုယ်၌ ကဗျာကျေးငှက်တို့ရှိ၍ ကဗျာတေးတို့ သီကျူး၏။
ကိုယ်၌ ကဗျာသွေး ကဗျာစိတ်တို့ ထကြွနေသောအခါတွင် ကဗျာကိုယ်သည် ပို၍ထင်ပေါ်၏။
ပို၍တောက်ပ၏။ ပို၍ကြည်လင်၏။ ပို၍နူးညံ့သိမ်မွေ့၏။
ဤကဗျာများသည် ဤကိုယ်၌သာ အစဉ်ကိန်းအောင်းရာ ဖြစ်သတည်း။ ။
မင်းကြည်ညို
၅၅ နှစ်ပြည့် မင်္ဂလာ ...
5 years ago
0 comments:
Post a Comment