တပို့တွဲ


တပို့တွဲ

ပေါက်လဲရယ်တဲ့ နီဟုန်ဟုန်

နှင်းမြူမှုန် ရှစ်စုံလွှမ်းတယ်

လွမ်းပါဘိပုံ၊

သစ်ရွက်က မလုံ့တလုံ

မြူမှုန်က မသဲမကွဲ
 
ပေါက်လဲပင် ဟိုအထက်မှာ

 
ကျေးငှက်ကဝဲ၊

ကျေးငှက်ကရောင်စုံညီ

 
တေးသံစုံ သူတို့နွှဲ

 
မြိုင်ရဂုံ ဂနိုင်အုပ်မှာ

 
စုံလို့သာပဲ။ ။

              မင်းကြည်ညို

1 comments:

Unknown February 3, 2015 at 12:14 AM  

ဆရာ
ကဗျာလေးကိုကူးယူခွင့်ပြုပါနော်။ဖတ်ပြီးချိန်မှာ မျက်စိထဲမှာ ရော နှလုံးသားထဲမှာပါပုံရိပ်ထင်နေလို့ပါ။
လေးစားစွာဖြင့်
ဆရာနေကောင်းပါစေ
မေတ္တာရည်လျက်
ခင်မိုးညို

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.